Game Review

Xenoblade Chronicles 2 Review

On Dec 25, 2017 03:22 pm, by admin

မထင်မှတ်ပဲ ပေါက်သွားတဲ့ Xenoblade Chronicle အပြီးမှာ နင်တန်းဒိုးဟာ သူ့ရဲ့ ကိုယ်ပိုင် console မှာ JRPG ကောင်းကောင်းတွေ ထွက်လာဖို့ကို ဦးစားပေးလာတာ တွေ့ရပါတယ်။ Wii U မှာ အတော်အတန် အောင်မြင်ခဲ့တဲ့ Xenoblade Chronicles X အပြီးမှာ အခုနှစ်အတွက် ရေးပန်းစားနေတဲ့ Switch အတွက် ပထမဆုံး AAA JRPG အဖြစ်နဲ့ Xenoblade Chronicles 2 ကို မကြာသေးမီ ကဖြန့်ချီလိုက်ပါတယ်။ အခုထွက်လာတဲ့ Xenoblade series ရဲ့ သုံးခွေမြောက်ဂီမ်း Xenoblade Chronicles 2 ဟာ သူ့ အရှေ့က ဂိမ်းတွေလို ကောင်းရဲ့လား၊ နင်တန်းဒိုးရဲ့ Legend of Zelda, Super Mario Odyssey စသည်ဖြင့် ဆက်တိုက် အောင်မြင်နေခဲ့တဲ့ အရှိန်ဟာ Xenoblade Chronicles 2 မှာရပ်တန့်သွားမလား လေ့လာ ကြည့်ရအောင်။

တကယ်တော့ Xenoblade ရဲ့ ဒါရိုက်တာ Tetsuya Takahashi ဟာ Xenoblade series မှာမှ စပြီးနာမည်ကြီးတာ မဟုတ်ပါဘူး။ JRPG ရွှေခေတ်လို့ ပြောရမယ့် PS1 နဲ့ PS2 ကာလမှာ Xenogears နဲ့ Xenosaga 1-3 ကိုထုတ်ထားတဲ့ သူဖြစ်ပြီး Sqauresoft (ယခု Square Enix) က ဝါရင့် ဂိမ်းဖန်တီးသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Story တွေက သူများနဲ့ မတူ တစ်မူထူးခြားတဲ့ ဟန်ရှိပါတယ်။ ဖန်ဆင်းရှင် ဘုရားသခင် စတဲ့ ဘာသာရေးဘက်နွယ်တဲ့ အရာတွေနဲ့ စက်ရုပ်တွေ ယာဉ်ပျံတွေ စတဲ့ Sci-Fi အရာနှစ်ခုကို ရောပြီး ဇာတ်ကိုခင်းလေ့ ရှိပါတယ်။

အခု Xenoblade 2 မှာလည်း ဇာတ်အိမ်တည်ထားတဲ့ Alrest ကမ္ဘာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဆုံးအစ မရှိ ကျယ်ပြောတဲ့ တိမ်ပင်လယ်ကြီးထဲမှာ Titan လို့ခေါ်တဲ့ ဧရာမ သတ္တဝါကြီးတွေဟာ World Tree ကို လည်ပတ် နေကြပါတယ်။ လူတွေက အဲ့ဒီ့ ဧရာမ သတ္တဝါ တွေပေါ်မှာ မြို့တွေ တည်ပြီး နေကြပါတယ်။ နည်းနည်းသေးတဲ့ အကောင်တွေဆိုရင် တိမ်ပင်လယ် ကို ကူးဖို့ သင်္ဘော အနေနဲ့ သုံးကြပါတယ်။ ဒီတိမ်ပင်လယ်ကြီး ရဲ့ အဆုံးက ဘယ်မှာလည်း။ တိမ်ပင်လယ်ကြီး ဘယ်လောက် နက်သလည်း ဘယ်သူမှ မသိပါဘူး။ ပြသနာကတော့ အဲ့ဒီ့ Titan တွေက ထာဝရ အသက်မရှင်ပါဘူး။ တဖြည်းဖြည်းနဲ့ Titan တွေသေပြီး တိမ်ပင်လယ် အောက် မြုပ်သွားတဲ့ အခါမှာ လူသားတွေ အတွက် နေရမယ့် နေရာကျဉ်းလာပြီး နေရာလုပွဲတွေ ဖြစ်လာပါတော့တယ်။

ဇာတ်အိမ် တည်ထားတဲ့ ကမ္ဘာက စိတ်ဝင်စားဖို့ ကောင်းပေမယ့် ဇာတ်လမ်းရဲ့ အဓိက မင်းသားကတော့ အရမ်းကို မွဲပြာ ပုဆိုးဆန်ပါတယ်။ ဂျပန် Shonen မန်ဂါတွေနဲ့ anime တွေမှာ ဖန်တစ်ရာတေအောင် တွေ့နေပြီးသား “မင်းသား” အမျိုးအစား ဖြစ်ပါတယ်။ ငါဘယ်တော့မှ အရှုံး မပေးဘူးတို့… ငါ့ သူငယ်ချင်းတွေကို ကာကွယ်မယ်တို့… ငါတို့ရဲ့ friendship နဲ့ လူဆိုးတွေကို ရင်ဆိုင်မယ် စတဲ့ အလုံးတွေကို သင် မန်ဂါတွေ အန်နီမဲ တွေမှာ တွေ့ဖူးပါသလား။ Xenoblade Chronicles 2 ထဲက မင်းသား ဖြစ်တဲ့ Rex က အဲ့ဒီ့ မနှစ်မြို့ဖွယ် မွဲပြာပုဆိုး “မင်းသား” ဇတ်ကောင်တွေကို ကွက်တိ copy-paste လုပ်ထားသလိုပဲ။ အဲ့ဒီ့ ခပ်ပေါပေါ “power of friendship” တွေ “I’ll never give up” စတဲ့ အလုံးတွေကို စောက်မြင်ကပ်ရလောက်အောင်ကို cutscene တိုင်းမှာ တသီကြီး ရောင်းပြတဲ့ ဇာတ်ကောင်ဖြစ်တယ်။ ဇာတ်ကောင်က Copy-Paste ဖြစ်နေတော့ cutscene တိုင်းလိုလိုမှာ သင်း…ပါစပ်မဟခင်ထဲက ဘာစကားပြောမလည်း မှန်းလို့ ရနေတဲ့ one dimensional ဇာတ်ကောင်ကြီး ဖြစ်နေတဲ့ အချက်က ဂိမ်းရဲ့ အကြီးမားဆုံးအားနည်းချက် ဖြစ်နေပါတယ်။

ဆိုတော့ ဇာတ်လိုက်ကြီးဖြစ်တဲ့ Rex က Alrest မှာ တိမ်ပင်လယ်အောက် ငုပ်ပြီး ပစ္စည်းတွေရှာတဲ့ Salvager တစ်ယောက်ဖြစ်တယ်။ ကြမ္မာဝင်တဲ့ တစ်ရက်မှာ Rex ဟာ တိမ်ပင်လယ်ထဲ မှာ မြုပ်နေတဲ့ ရှေးဟောင်း သင်္ဘောတစ်စင်းကို ဆယ်ဖို့ အလုပ်လက် ခံမိလိုက်ပါတယ်။ အဲ့ဒီ့ သင်္ဘောထဲမှာ ကမ္ဘာကို ဖျက်နိုင်လောက် အောင် အစွမ်းထက်တဲ့ Aegis လို့ခေါ်တဲ့ အသက်ရှိလက်နက် (Blade) မိန်းကလေး တစ်ယောက် ပါလာတာ Rex မသိပါဘူး။ သင်္ဘောကို ဆယ်ပြီးတဲ့ အချိန်မှာ သူ့ကို အလုပ်အပ်ထားတဲ့ သူတွေက သစ္စာဖောက်ပြီး Rex ကို သတ်လိုက်ပါတယ်။ သေခါနီး ဖြစ်နေတဲ့  ကို Aegis က သူရဲ့ အသက်တစ်ဝက်ပေးမယ် ဒါပေမယ့် Rex က သူ့ကို World Tree ပေါ်မှာ ရှိတဲ့ Elysium လို့ခေါ်တဲ့ လောကနိဗ္ဗာန် ပေါ်အရောက် ပို့ပေးပါလို့ တောင်းဆိုပါတယ်။ အသက်ဆက်ရှင်ခွင့် ရသွားတဲ့ အပြင် ကမ္ဘာပေါ်က အဖျက်စွမ်းအင် အကြီးဆုံး Blade တစ်ခုဖြစ်တဲ့ Aegis ရဲ့ အစွမ်းကို ရသွားတဲ့ Rex က သူ့ ကတိအတိုင်း Aegis ကို Elysium အရောက်ပို့ပေး ဖို့ Adventure စဖြစ်သွားပါတယ်။