Article

News

E-Sport လောကနဲ့ Hearthstone

On Feb 28, 2018 03:49 pm, by admin

 

 

          အရင်တုန်းက ဆိုရင် Hearthstone tournament တွေကို BlizzCon အတွင်းမှာဘဲ ကျင်းပခဲ့ရာမှ အခုဆိုရင် အသင်း 16 သင်းအထိ ပါဝင်တဲ့ Hearthstone tournament ကြီးကို BlizzCon ပြင်ပ Amsterdam မြို့မှာ ကျင်းပခဲ့ရာ ယခုဆိုလျှင် final အထိကို ရောက်ရှိလာပြီ ဖြစ်ပါပြီ။ ထို့အပြင် Hearthstone အပေါ်ကို Blizzard entertainment မှနေပြီး ပိုမိုအလေးပေးလာတာ ကိုလည်း 2017 BlizzCon အပြီးမှာ သိသာထင်ရှားစွာ မြင်တွေ့လာရပါတယ်။ 2017 မှာ မိတ်ဆက်ခဲ့တဲ့ Hearthstone Global Games (HGG) ခေါ် နိုင်ငံအလိုက် ချပေးတဲ့ team competitions ဟာလည်း အခုလို E-Sport လောကမှ ခြေကုပ်ရယူဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုး အားစိုက်ကြိုးပမ်းမှုတွေကြောင့် ယခုဆိုရင် ဘဟားမားကနေ တရုတ်အထိ ကမ္ဘာတစ်လွှားမှ အကောင်းဆုံးအသင်း ၁၆ သင်း ပါဝင်တဲ့ tournament ကြီးကို ကျင်းပနိုင်ခဲ့ပြီး ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ကို အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

          အခုလိုမျိုး international tournament ကြီးကို ကျင်းပဖို့အတွက် အရင်ထဲက စိတ်ကူးခဲ့ကြောင်း၊ တကယ်လက်တွေ့လုပ်ဆောင်တဲ့ အခါမှာလည်း အခက်အခဲများစွာ ရှိကြောင်း၊ Blizzard ကိုယ်တိုင်က တာဝန်ယူပြီး တရားဝင်ပြိုင်ပွဲ လုပ်ပေးရတဲ့အတွက်ကြောင့်လည်း များစွာဂုဏ်ယူမိကြောင်း တို့ကို Hearthstone E-sports အပိုင်းက global franchise lead ကို တာဝန်ယူထားတဲ့ Che Chou မှ ပြောကြားခဲ့ပါသေးတယ်။

“Hearthstone နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့အနေနဲ့ လေ့လာစမ်းသပ်မှုတွေ လုပ်ခဲ့ရာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာ အချက်လေးတွေ များများစားစား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့အထဲက တစ်ချက်ကို ပြောပြရမယ်ဆိုရင်တော့ ပေါ့ဗျာ၊ HGG ကို စတင်မိတ်ဆက်ပြီးနောက် တွေ့ရှိစိတ်ကူးရခဲ့တဲ့ Hearthstone အတွက် World Cup ကို ဖန်တီးပေးပြီး ကမ္ဘာတစ်လွှားမှ player တွေကို နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပံ့ပိုးပေးဖို့ပါဘဲ။” စသဖြင့် Hearthstone ရဲ့ တာဝန်ခံတစ်ယောက် အမြင်တွေကို ဝေမျှခဲ့ပါတယ်။ “ကျွန်တော်အပါအဝင် Hearthstone ကို ရေးသားသူ အားလုံးဟာ အချိန်ကာလကြာရှည်စွာ တည်တံ့မယ့် game တစ်ခုကို Blizzard အတွက် ချန်ခဲ့ပေးချင်ကြပါတယ်။ အဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ တာဝန်ယူထားတဲ့ Hearthstone ကို ကစားသူတွေ စိတ်ဝင်စားလာအောင် ဘယ်လိုမျိုးတွေ အသစ်ထပ်မံထည့်ပြီး ဘယ်လိုမျိုးအချက်တွေကို ပြန်လည်ပြင်ဆင်ရမလဲ ဆိုတာတွေကို အရင်ထဲက ဆွေးနွေးခဲ့ကြပေမယ့် 2017 အစပိုင်းအရောက်မှာတော့ ပိုပြီးတော့ စဉ်းစားအကြံထုတ် လာကြပါတယ်။ အဲ့အတွက်ကြောင့်လည်း ကမ္ဘာတစ်ဝန်းက Hearthstone player တွေရဲ့ စကားသံတွေကို အမြဲနားစွင့် နေပါတယ်။” ဆိုပြီးတော့လည်း Hearthstone ရဲ့ အနာဂါတ်အစီအစဉ်တွေကို မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။

 

 

     Hearthstone developer တွေထဲက အဖွဲ့နံပါတ် ၅ ရဲ့ Tavern Brawl idea ဟာလည်း ကောင်းမွန်တယ်ဆိုပြီး ကစားသူအချို့ရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ အဲ့အတွက်ကိုလည်း Che Chou မှနေပြီးတော့ “Team 5 ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ အခုလို Tavern Brawl လိုမျိုးကို အကြံညဏ်ရပြီး အကောင်အထည် ဖော်နိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ Hearthstone developers တွေအနေနဲ့ ဝမ်းသာဂုဏ်ယူ မိပါတယ်။ သူတို့ရဲ့ အကြံညဏ်တွေကြောင့် Hearthstone ဟာ တစ်နေ့ထက်တစ်နေ့ လူသိများတဲ့ game တစ်ခု ဖြစ်လာတာပါ။ အခုလိုမျိုး Team 5 တစ်ခုထဲတင်မကဘဲ တခြားသော Hearthstone developing အပိုင်းကို တာဝန်ယူထားတဲ့ developer တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ Hearthstone အနေနဲ့ E-sport ကဏ္ဍမှာ အောင်မြင်လာအောင် ကျွန်တော်တို့ စိတ်ကူးခဲ့သမျှကို လက်တွေ့အကောင်အထည် ပေါ်လာအောင် အတူတူလက်တွဲ လုပ်ခွင့်ရနေတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အခုလိုမျိုး စည်းစည်းလုံးလုံးနဲ့ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းကိုကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော့်အနေနဲ့ Blizzard Entertainment ကိုယ်စား ကျေးဇူးတင် ဂုဏ်ယူပါတယ်။” ဟူ၍ ပြောကြားခဲ့ပါတယ်။ ယခုလို အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း Amsterdam မြို့မှာကျင်းပတဲ့ ပြိုင်ပွဲအတွင်းမှာ spectacle mode ဟာ ကောင်းကောင်းအလုပ် မလုပ်ခဲ့ဘဲ buggy ဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲကြည့်ရှုသူ တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။

     Hearthstone: Heroes of Warcraft သို့မဟုတ် Hearthstone ဟာ Blizzard Entertainment မှ တာဝန်ယူ ရေးသားထားတဲ့ free to play digital card video game အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သူ့ကိုလည်း Blizzard မှဘဲ တာဝန်ယူကာ 2014 March 11 ရက်နေ့မှ စတင်ကာ Windows, macOS platform တွေအတွက် ဖြန့်ချီပေးခဲ့ပြီး အခုအချိန်မှာတော့ Android, iOS စတဲ့ mobile platform များအတွက်ပါ ဖြန့်ချီပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။

     ကစားသူတွေကို ပိုမိုဗဟိုပြုလာတဲ့ Hearthstone ကတော့ အခုဆိုရင် ကစားသူကိုယ်တိုင် in-game tournament rules နဲ့ format တွေကို ကိုယ်စိတ်တိုင်းကျ သတ်မှတ်ပြီး ကိုယ့်သူငယ်ချင်းများနဲ့ အချင်းချင်း tournament ပုံစံ ဆော့ကစားနိုင်တဲ့ feature တစ်ခုကို အနာဂါတ်မှာ ကစားသူတွေအတွက် ထည့်သွင်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီ feature ပါဝင်တဲ့ beta version ကိုလည်း လအနည်းငယ်အတွင်း ဖြန့်ချီပေးသွားမည် ဖြစ်ကြောင်းကိုလည်း တရားဝင်ပြောကြား သွားပါတယ်။ အခုလိုမျိုး casual players တွေနဲ့ smaller communities တွေကို အသားပေးတဲ့အတွက် တခြားသော ကစားသူအသစ်တွေကို ပိုမိုစွဲဆောင် လာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။

 

 

   စတင်ဖြန့်ချီပြီး လေးနှစ်ခန့်အတွင်း တစ်စတစ်စ အောင်မြင်မှုရလာတဲ့ Hearthstone ကိုတော့ လက်ရှိ 2018 မှာ ကစားသူအရေအတွက် အတိအကျ ဘယ်လောက်ရှိနေပြီလဲ ဆိုတာကို မကြေငြာသေးပေမယ့် မနှစ်က BlizzCon အပြီးမှာတော့ platform လေးခုလုံးမှာ ကစားသူအရေအတွက် စုစုပေါင်း သန်းခုနှစ်ဆယ်ခန့် အထိရှိခဲ့တယ်လို့တော့ ပြောကြားထားပါတယ်။ Hearthstone အနေနဲ့ E-sport လောကရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမလား ဆိုတာကို ကျွန်တော်တို့အားလုံး စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လာမယ့် March လ 11 ရက်မှာလည်း Hearthstone ရဲ့ လေးနှစ်မြောက် anniversary ကို ကျင်းပဦးမှာ ဖြစ်တာကြောင့် ဘယ်လိုမျိုး အသစ်အဆန်းတွေကို တွေ့ရဦးမလဲ ဆိုတာကိုလည်း ရင်ခုန်စွာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ye Pyae Oo

#Card Game

YOU MAY ALSO LIKE